DESCRIPTION OF IMAGE DESCRIPTION OF IMAGE DESCRIPTION OF IMAGE

ပြင်ဦးလွင် သမိုင်းကြောင်း

 

မြန်နိုင်ငံ၏ အလယ်ပိုင်းမှာ ပုံမှန်အခြေအနေအရ နွေရာသီမှာ အပူချိန်ကို မြင့်မားစွာခံစားကြရပါတယ်။ သို့ပေမယ့် မန္တလေးတိုင်းမှ မန္တလေးမြို့နှင့် ၄၂ မိုင်သာကွာဝေးတဲ့ အိုအေစစ်မြို့လေးတစ်ခုရှိပါတယ်။အဲဒီမြို့လေးကတော့ မေမြို့  (သို့) တောင်လှေကားမြို့ (သို့) ပန်းမြို့တော် (သို့) နှင်းမြို့တော် (သို့) ပြင်ဦးလွင် ဆိုတဲ့ မြို့လေးပဲဖြစ်ပါတယ်။

ခရစ်နှစ် ၁၈၈၆-ခုနှစ်တွင် ဘင်္ဂလားခြေလျင်တပ်မှ ဗိုလ်မှူးကြီး မေကို အစွဲပြု၍ မေမြို့ဟု ဗြိတိသျှတို့က ခေါ်တွင်ခဲ့ပါတယ်။ပြင်ဦးလွင်မြို့တွင် ဗိုလ်ချုပ်မေ၏ အုတ်ဂူကို ယနေ့တိုင်တွေ့မြင်နိုင်ပါတယ်။ ပြင်ဦးလွင် ဟူသောအမည်ကို မေမြို့ဟူသော အမည်မှ ဂျပန်ခေတ် ဒေါက်တာဘမော် အစိုးရလက်ထက်တွင် တစ်ကြိမ်ပြောင်းလဲခေါ်တွင်ခဲ့ပါသေးတယ်။ သို့သော် စစ်အပြီးတွင် ဗြိတိသျှတို့ ပြန်လည်အုပ်ချုပ်ချိန်မှစကာ မေမြို့ဟု ပြန်လည်ခေါ်တွင်ခဲ့ပြီး တပ်မတော်အစိုးရလက်ထက်တွင် ပြင်ဦးလွင် ဟုပြန်ပြောင်းခေါ်စေခြင်းဖြစ်ဖြစ်ပါတယ်။ ကဗျာဆန် နုယဉ်သော အမည်ဆောင်သည့် မြို့ဖြစ်သည့်အပြင် ရာသီဥတုမှာလည်း အေးချမ်းသာယာပါတယ်။ အထူးသဖြင့် နွေရာသီတွင် လူအများ အပူရှိန်မှ လွတ်ကင်းရာ လွတ်ကင်းကြောင်း အနားယူ အပန်းဖြေရာမြို့အဖြစ် နာမည်ကြီးထင်ရှားနေသည်မှာ ယခုထိတိုင်ဖြစ်ပါတယ်။ ရှေးဗြိတိသျှ အစိုးရလက်ထက်က နွေရာသီတွင် ဘုရင်ခံနှင့် အစိုးရအရာရှိကြီးများသည် မေမြို့သို့ တက်၍နေထိုင်ကြသည်ဟုလည်းဖတ်မှတ်ဖူးပါတယ်။ ပြင်ဦးလွင်မြို့သည် ဗြိတိသျှတို့၏လက်ထက်က ပြုပြင်ထားသော တောင်စခန်းမြို့တစ်ခု ဖြစ်ပါတယ်။

 မေမြို့အဖြစ်  စတင်တည်ဆောက်စဉ်ကတည်းက ဥရောပပုံစံ အဆောက်အအုံများ ဆောက်လုပ်သည့် အထဲတွင် ၁၉၀၆ ခုနှစ်ကတည်းက တည်ဆောက်ခဲ့သော ပြည်သူ့ဆေးရုံကြီးသည်လည်း တစ်ခုအပါအ၀င် ဖြစ်ခဲ့ပါတယ်။ ထိုအချိန်က ပြည်သူ့ဆေးရုံကြီးကို ဥရောပတိုက် သားများအတွက် အဆောင် (Europeon Ward) နှင့် အာရှတိုက်သားများအတွက်(Asian Ward) ဟူ၍ ခွဲခြားဆောက်လုပ်စေခဲ့ ပါတယ်။ ဆေးရုံကြီး၌ ဥရောပ တိုက်သား ဆရာ၀န်ကြီးတစ်ဦးကို အုပ်ချုပ်စေ၍ လက်ထောက် ဆရာ၀န် နှစ်ဦး၊ ဥရောပ အမျိုးသမီးသူနာပြု လေးဦးတို့ကို ထားရှိခဲ့ပါတယ်။ ထိုအချိန်က မြန်မာနိုင်ငံသည် အင်္ဂလိပ်လက်အောက်ခံ ကိုလိုနီနိုင်ငံတစ်ခုဖြစ် နေရာ မြန်မာပြည်အနှံအပြားတွင် တာ၀န်ထမ်းဆောင်လျက်ရှိနေကြသော အင်္ဂလိပ် တို့သည် မိမိတို့၏ ကလေး များ မီးဖွားသန့်စင်ရာတွင် ‘ကိုလိုနီကျွန်’ နိုင်ငံတွင် မမွေးဖွားဘူးဟုဆိုကာ အင်္ဂလန် အထိပြန်၍ မွေးဖွားခဲ့ကြ ရပါတယ်။ သို့သော်လည်း ထိုခေတ်ထိုအချိန်က ယခုကဲ့သို့ လေယာဉ်များ ပေါများစွာမရှိ သေးဘဲ ပင်လယ်ရေ ကြောင်း ခရီးမှပင် သင်္ဘောများနှင့် ရက်ရှည်လများစွာ သွားရသောကြောင့် လမ်းခရီးတွင် အန္တရာယ်များပြီး အချိန်ကြန့်ကြာမှုများ ဖြစ်ခဲ့ရပါတယ်။ထို့ကြောင့်လည်း အင်္ဂလန်အစိုးရသည် ထိုအခက် အခဲများကို ပြေလည် စေရန် မြန်မာပြည်အရပ်ရပ်ရှိ ဥရောပတိုက်သူများ ကလေးမွေးဖွားမည်ဆိုလျှင် မေမြို့ပြည်သူ့ဆေးရုံကြီး၌ လာရောက်မွေးဖွားပါက မွေးစားရင်းတွင် Born in England အင်္ဂလန်တွင် မွေးဖွားသည်ဟု ထည့်သွင်း မှတ် တမ်းတင်ပေးခဲ့ပါတယ်။ ယခင်ကတည်းက အင်္ဂလန်နှင့် တောတောင်ရေမြေ ရာသီဥတု တူညီခဲ့သည့် မေမြို့သည် လည်း ထိုအချိန်မှစ၍ ဒုတိယအင်္ဂလန်ဟု ထင်ပေါ်ကျော်ကြား လူသိများခဲ့ရပါတယ်။ မည်သို့ပင်ဖြစ်စေ တစ်ခေတ်တစ်ခါက ပြင်ဦးလွင်(ခေါ်) မေမြို့သည် ဒုတိယ အင်္ဂလန်ဖြစ်ခဲ့ရပြီး အဆိုပါ ဒုတိယ အင်္ဂလန်ဖွားဥရောပတိုက် သားများသည် ယနေ့အချိန်အထိ အင်္ဂလန်တွင် သက်ရှိထင်ရှားရှိနေသေး ကြောင်း သိရပါတယ်။

 ပြင်ဦးလွင်သည် မန္တလေးမြို့ ရှမ်းပြည်နယ်နှင့်နှင့် ရှေးအခါက တရုတ်ပြည် အနောက်ဘက်မှ ကုန်သည်များ စုဝေးရာဌာန ဖြစ်ခဲ့ပါတယ်? ယခင်က ပြင်ဦးလွင်တွင် ၅ ရက် တစ်ဈေးသာရှိပါတယ်။

ပြင်ဦးလွင်မြို့ရှိ (Purcell Tower) ပြင်ဦးလွင်နာရီစင်ကြီးမှာ ၁၉၃၄-ခုနှစ်၊ အင်္ဂလန်နိုင်ငံ ဂီးလက်အင်ဂျွန်ဆင် ကုမ္ပဏီ(Gillete & Johnson Co.)မှ ဗြိတိသျှ ပဉ္စမမြောက် ဂျော့ဘုရင်၏ နန်းစံသက် (၂၅)နှစ်မြောက် ငွေရတုသဘင် အထိမ်းအမှတ်အဖြစ် ထုတ်လုပ်ခဲ့သော နာရီအနည်းငယ်အနက် တစ်လုံးအပါအဝင် ဖြစ်ပါတယ်။



Post a Comment

0 Comments